နေပြည်တော် ဩဂုတ် ၁၄
အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ Veterans Confederation of ASEAN Countries (VECONAC)၏ ချီးကျူးဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကောင်စီဝင်များ VECONAC ၏ ချီးကျူးဂုဏ်ပြုလွှာ လက်ခံရရှိသော ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ဗိုလ်ချုပ်ဇာနည်ဝင်း(အငြိမ်းစား)တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်မှ ဌာနချုပ်မှူးနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့(VECONAC)၏ ချီးကျူးဂုဏ်ပြုလွှာများ ပေးအပ်ခြင်းသည် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် အဖွဲ့ဝင်သက်ဆိုင်ရာနိုင်ငံများမှ စစ်မှုထမ်းဟောင်းအဖွဲ့၏ အကျိုးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများကို VECONAC ၏ (၂၃)ကြိမ်မြောက် အထွေထွေညီလာခံဆုံးဖြတ်ချက်(၂၃-၄)အရ ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြသခြင်းဖြစ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား)က အမှာစကားပြောကြားပြီး VECONAC ၏ ချီးကျူးဂုဏ်ပြုလွှာ လက်ခံရရှိသူများကို ဂုဏ်ပြုလွှာပေးအပ်ချီးမြှင့်ကာ ချီးကျူးဂုဏ်ပြုလွှာ လက်ခံရရှိသူများကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်