နေပြည်တော် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သပြေကျေးရွာအုပ်စုတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းဆောင်ရန် အသက်ပြည့်မီသူများ၏နေအိမ်တိုင်းကို ငွေကျပ်တစ်သိန်းခွဲအထိ အုပ်ချုပ်ရေးမှူးက တောင်းယူနေကြောင်းကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေနေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်းနှင့် စစ်မှုထမ်းဆောင်ရန်အတွက်ဆင့်ခေါ်ရာတွင် ပြဋ္ဌာန်းထားသည့်ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သည့်အကြောင်းနှင့်မျှ ငွေကြေးတစ်စုံတစ်ရာကောက်ခံရန် ညွှန်ကြားထားခြင်းမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်သည့် ဖုန်းနံပါတ်များကိုလည်း ပြည်သူများသိရှိစေရန် ထုတ်ပြန်ထားရှိကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသား ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။