Skip to main content

၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲ စတင်ကျင်းပ

နေပြည်တော် ဩဂုတ် ၁၂

၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြီး ပုလဲအတွဲပေါင်း ၇၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ပုလဲရောင်းချပွဲတွင် ပြည်တွင်းပြည်ပမှ ရတနာကုန်သည်များသည် နံနက်ပိုင်းမှစတင်၍ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ထို့နောက် ရတနာကုန်သည်များသည် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဩဂုတ် ၁၃ ရက်တွင် ရောင်းချမည့် ပုလဲအတွဲများအတွက် ဈေးနှုန်းအဆိုပြုလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

၂၀၂၄ ခုနှစ်၊ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲတွင် ပုလဲအလုံးပေါင်း ၁၇၅၀၀၀၊ ပုလဲအတွဲပေါင်း ၇၀၀ ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဩဂုတ် ၁၂ ရက်မှ ဩဂုတ် ၁၅ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဩဂုတ် ၁၃ ရက်တွင်ပုလဲ အတွဲပေါင်း၂၃၀၊ ဩဂုတ် ၁၄ ရက်တွင် ပုလဲအတွဲပေါင်း ၂၃၀ နှင့် ဩဂုတ် ၁၅ ရက်တွင် ပုလဲအတွဲပေါင်း ၂၄၀ တို့ကို ပြည်တွင်း ပြည်ပရတနာကုန်သည်များအား အမေရိကန်ဒေါ်လာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်