နေပြည်တော် ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် ရပ်ကွက်များအတွင်းသို့ ဩဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူနှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်နေသည့်ကာလအတွင်း တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူလူထု၏ သတင်းပေးပို့မှုများဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေရာများကိုသာ ပစ်မှတ်ထား၍ အကြမ်းဖက်မှုနှိမ်နင်းရေးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အဆိုပါသတင်းသည် တပ်မတော်အပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။