နေပြည်တော် သြဂုတ် ၁၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် Fake Fur Fabric မီတာ ၁၁၅၀၀ Article of Use-Screen Net ခြင်လုံ ဆန်ခါ ကီလိုဂရမ် ၃၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၃၃၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ)၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်တင်ပြနိုင် ခြင်းမရှိသည့် အိန္ဒိယနိုင်ငံထုတ် Bacillus Clausil Spore Suspension ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး ၁၀ ဘူးနှင့် ကိုရီးယားနိုင်ငံထုတ် Flash Lamp မီးအိမ်နှစ်ခုအပါအဝင် ကုန်ပစ္စည်း ၃၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၀၀၀၀) ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ ကျိုင်းတုံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် 100% Polye-ster ကီလိုဂရမ် ၁၇၀၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၉၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၈၃၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ဖမ်းဆီးရမိ
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၈ ရက်တွင် ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်း၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၄၂၀၊ ဓာတ်ဆီဂါလန် ၃၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၅၆၄၄၀)ကို လည်းကောင်း၊ သြဂုတ် ၉ ရက်တွင် ဖျာပုံခရိုင်အတွင်း၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၇၀၊ ဓာတ်ဆီ ၆၅ ဂါလန်၊ ဆီပန့်သုံးလုံးအပါအဝင် ဆက်စပ်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၈၂၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၃၈၄၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းအနီး၌ လိုင်စင်မဲ့ Toyota BB မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
ယင်းအပြင် သြဂုတ် ၉ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဗလမင်းထင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၌ မော်တော်ယာဉ်ခြောက်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် စက်သုံးဆီ ဒီဇယ်ဆီဂါလန်၁၃၆၅၀၊ ကြက်သွန်ဖြူ ကီလိုဂရမ် ၁၄၀၀၀၊ စားတော်ပဲကီလိုဂရမ် ၂၄၀၀၀၊ Semi-Refined Paraffin Wax ကီလိုဂရမ် ၄၀၀၀၊ Solar Panel 600 W ၂၁၆ ချပ်၊ Hydraulic Hose မီးကြိုး ကီလိုဂရမ် ၄၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၆၈၂၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Turck ငါးစီးနှင့် I Zone Oil Bowser ဆီသယ်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၁၈၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ သြဂုတ် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် K-Broad Wireless Speaker ၃၁ လုံးအပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၇၂၀၈၄၄၀ ဖြစ်
သို့ဖြစ်ပါ၍ သြဂုတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၇၂၀၈၄၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်