နေပြည်တော် ဩဂုတ် ၁၀
ပြန်ကြားရေးဝန်ကြီးဌာနသည် ဆရာဒကာဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလ သီတင်းသုံးတော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်း (၄) ပါး ပြည့်စုံစေရေးအတွက် အခါအားလျော်စွာ အလှူငွေနှင့် ဝတ္ထုပစ္စည်းများ လှူဒါန်းဆက်ကပ်လျက်ရှိရာ ယနေ့နံနက်တွင် သံဃာတော်များ သီတင်းသုံးရာ ကျောင်းတိုက်အတွင်း အမှိုက်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်း (၁၀၀) ဦးခန့်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ကာ တစ်ရက်တာ ဆွမ်းစရိတ်နှင့် ဝါဆိုသင်္ကန်းအလှူတော်အတွက် အလှူငွေ ကျပ်သိန်း (၂၀) အား ရတနသိဒ္ဓိကျောင်းတိုက် ဆရာတော်ထံ လှူဒါန်းဆက်ကပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဇော်ဖြိုး (ပြန်/ဆက်)