နေပြည်တော် ဩဂုတ် ၉
ထိုင်းနိုင်ငံရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှ ပြန်လည်လွှဲပြောင်းပေးခဲ့ သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အတင်းအဓမ္မ စစ်သားစုဆောင်းရန် ခေါ်ဆောင်သွားကြောင်း သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ လွှဲပြောင်းပေးခဲ့သူများကို တနင်္သာရီတိုင်းဒေသကြီးကော့သောင်းမြို့တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စနစ်တကျ လက်ခံဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် နေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများကို အကြောင်းအရာမျိုးစုံဖြင့် မဟုတ်မမှန်လုပ်ကြံရေးသားကာ လူမှုကွန်ရက်များမှတစ်ဆင့် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်