နေပြည်တော် ဩဂုတ် ၉
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာအဘ်ဟေးတာကူးရ်ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရှိရင်းစွဲ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို မြှင့်တင်ရေးနှင့် နှစ်နိုင်ငံအကြားဆောင်ရွက်လျက်ရှိသည့် ပေါင်းစည်းဆက်နွှယ်မှုစီမံကိန်းများနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသစီမံခန့်ခွဲမှုဆိုင်ရာယန္တရားများအပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိမည့်ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်