Skip to main content

ပြင်ဦးလွင်မြို့နယ်ကို အကြမ်းဖက်သမားများက မကြာမီတိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် တပ်မတော်သားများ၏ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ မိသားစုဝင်များသည် ပြောင်းရွှေ့နေကြောင်း ကောလာဟလသတင်းများ ရေးသားဖြန့်ဝေ

နေပြည်တော် ဩဂုတ် ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ကို အကြမ်းဖက်သမားများက မကြာမီတိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် တပ်မတော်သားများ၏ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ မိသားစုဝင်များသည် ပြောင်းရွှေ့နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက ကောလာဟလသတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းမှာ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းသာဖြစ်ကြောင်း သိရှိရပြီး ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ စိတ်ဓာတ်ကျဆင်းစေရန်၊ ဒေသခံပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကြံရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့် ပူးပေါင်းကာ မြို့၊ ရွာလုံခြုံရေးအတွက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသော ကောလာဟလသတင်းများအား ပြည်သူများမယုံကြည်ကြရန်နှင့် ယင်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှာ ပုံမှန်သွားလာလျက်ရှိသလို ၎င်းသတင်းနှင့်ပတ်သက်၍ ပြင်ဦးလွင်မှ ဒေသခံတစ်ဦးထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်အရ ယခုလိုကြားသိခဲ့ရပါတယ် “ကျွန်မကတော့ ပြင်ဦးလွင်ရပ်ကွက်ကြီး (၁၉)ကပါ။ ပြင်ဦးလွင်မှာကတော့ အေးအေးချမ်းချမ်းပါပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြို့လုံခြုံရေးကို စစ်ဆေးဆောင်ရွက်နေတာပဲရှိပါတယ်။ အားလုံးကတော့ အေးအေးချမ်းချမ်းပါပဲ။ လိုင်းပေါ်ကသတင်းတွေက ကောလာဟလတွေပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ ပြင်ဦးလွင်မြို့ရဲ့ တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်နေတဲ့ ကောလာဟလတွေပဲဖြစ်ပါတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။