နေပြည်တော် ဩဂုတ် ၆
AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဩဂုတ် ၅ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ (အမှတ်-၂) ဖော်ယာဇီရွာ အနောက်ဘက်ကန်စည်းရိုးနားရှိ ပုစွန်ကန်ပေါင်တွင် AA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ယာယီနေရပ်စွန့်ခွာပြီး တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန်လုပ်ဆောင်နေကြသည့် ဘင်္ဂါလီလူမျိုးများ၊ ကလေးငယ်များအပါအဝင် လူအစုလိုက်အပြုံလိုက်ကို လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခဲ့သည်။ ထို့ပြင် ဘင်္ဂါလီအမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာမှ သိရှိသွားမည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန်လုပ်ဆောင်နေကြသည့် ဘင်္ဂါလီလူမျိုးများကို ယခုကဲ့သို့ လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ထိုသို့ သတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်