Skip to main content

မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၅

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အင်းစိန်မြို့နယ် ပေါက်တော ရပ်ကွက် လှိုင်မြစ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ အောင်ကျော်ဟိန်းနှင့် မြတ်မင်းဌေး (ခ)ချက်ဖောင်းတို့အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ အလားတူပူးပေါင်းအဖွဲ့သည် ညနေ ၄ နာရီတွင် တောင်ဥက္ကလာပ မြို့နယ် (၄) ရပ်ကွက် သီလ(၁၁)လမ်းရှိ ထွန်းလင်းအောင်(ခ) DJ JAME ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် Happy Water ၁ ဒသမ ၃၆၆ ကီလို၊ ကက်တမင်း သုည ဒသမ ၆ ကီလို၊ အက်တက်စီ ဆေးပြား ၁၃၅ ပြားကိုလည်းကောင်း၊ထို့အတူ ညနေ ၆ နာရီတွင် ကျိုင်းတုံမြို့နယ် လွယ်မွေကျေးရွာအုပ်စု နမ့်နော်လားဟူကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူကျရှဲအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်