Skip to main content

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၅

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်းကျင်းပရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

ရတနာတန်းဝင်ကျွန်းပင် စိုက်ပျိုး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအထိမ်း အမှတ်အဖြစ် ရတနာတန်းဝင်ကျွန်းပင်များကို စတင်စိုက်ပျိုးပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် အရာထမ်း/အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင် ၁၃၃၃ ပင်၊ နှစ်ရှည်ပန်းပင် ၅၄ ပင်၊ နှစ်ရှည်ပင် ၁၉၁ ပင် စုစုပေါင်း ၁၅၇၈ ပင်တို့ကို သတ်မှတ်နေရာများတွင် တစ်ပြိုင်တည်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ်စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်းနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ယနေ့တွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဝန်ကြီးဌာနကြီးကြပ်မှုအောက်မှ တည်ဆောက်ရေးညွှန်ကြားရေးမှူးရုံးများ၊ စီမံကိန်း ညွှန်ကြားရေးမှူးရုံးများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ စီမံကိန်းမန်နေဂျာရုံးများ၊ မဟာဓာတ်အားလိုင်းမှူးရုံးများ၊ ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားပေးစက်ရုံများတွင် လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကိုကျင်းပရာ နှစ်ရှည်သီးနှံပင် ၄၀၁၇ ပင်၊ နှစ်ရှည်ပန်းပင် ၈၂၅ပင်၊ အရိပ်ရလေကာပင် ၅၉၄ ပင် စုစုပေါင်း ၅၄၃၆ ပင် တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်းစိုက်ပျိုးကြပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်၊ နှစ်ရှည်သီးနှံပင်၊ နှစ်ရှည်ပန်းပင်၊ အရိပ်ရလေကာပင် စုစုပေါင်း ၁၃၅၉၂ ပင်၊ ဒုတိယအကြိမ်တွင် သစ်ပင်ပေါင်း ၁၃၉၂၄ ပင်နှင့် ယခု တတိယအကြိမ်တွင် သစ်ပင်ပေါင်း ၇၀၁၄ ပင်တို့ကို စုပေါင်းစိုက်ပျိုးကြကာ တစ်နိုင်ငံလုံးအနေဖြင့်  ယခုနှစ်တွင် သစ်ပင်စုစုပေါင်း ၃၄၅၃၀ စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်