Skip to main content

ရေစကြိုမြို့နယ်၊ အလယ်ကျောကျေးရွာနှင့် ကိုရင့်ကျေးရွာတို့ကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးနှစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာများ ရရှိခဲ့သည်ဟု သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အလယ်ကျောကျေးရွာနှင့် ကိုရင့်ကျေးရွာတို့ကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ကလေးနှစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာများ ရရှိခဲ့သည်ဟု သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ကြီး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ လက်နက်ကြီးကျည်များသည် ဒေသခံပြည်သူများနေထိုင်ရာ အိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို အကြမ်းဖက်သများအား အားပေးအားမြှောက်ပြုနေသည့် ပြည်ဖျက်မီဒီယာများက တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်