နေပြည်တော် ဩဂုတ် ၃
တပ်မတော်(လေ)မှ ရဟတ်ယာဉ်တစ်စီးသည် ဩဂုတ် ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တစ်ဝိုက်၌ လေ့ကျင့်ပျံသန်းလျက်ရှိစဉ် ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသူ ၂ ဦးကျဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်တွင် ကျဆုံးခဲ့သူများ၏ ရုပ်အလောင်းများအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ ဆက်လက်ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။