လယ်ဝေး ဇူလိုင် ၃၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယမန်နေ့ည မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက် ၆ နာရီ ၄၅ တွင် လယ်ဝေးမြို့နှင့် သုံးမိုင်ခန့် ကွာဝေးသည့် ကြို့ပင်ကျေးရွာအနီး၊ လယ်ဝေးမြို့ပတ်လမ်းလမ်းဘေးရှိ ဆင်အုံရေလှောင်ကန်တာရိုး ရေစိမ့်ပေါက်၍ ရေများကျော်ကျခဲ့ကြောင်း သိရသည်။
အဆိုပါ ရေစိမ့်ပေါက်သည့်တာရိုး အရှည်ပေ ၃၃၀ ခန့်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၅)မှ ဦးဆောင်ကာ မျောတိုင်ရိုက်ခြင်း၊ ဝါးကပ်ကာ၍သဲအိတ်ချခြင်းများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် အားလုံးဆောင်ရွက်ပြီးဖြစ်ကြောင်း လယ်ဝေးမြို့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၅)၊ တာဝန်ခံအင်ဂျင်နီယာ ဦးညီမင်းထွန်းထံမှ သိရသည်။
ဝေကြည်(ပြန်/ဆက်)