Skip to main content

စစ်ကိုင်းမြို့နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဇူလိုင် ၃၀

စစ်ကိုင်းမြို့နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၉ ရက် နံနက် ၈ နာရီခွဲတွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ရတနာပုံတံတားအနီးတွင် JINBEI HAISE အမျိုးအစား ခရီးသည်တင်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည်အောင်ညွန့်ထံမှ ဘိန်းစိမ်း ၃၇ ဒသမ ၈ ကီလို ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်း (အာခါ) ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်စွာလင်းအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်