နေပြည်တော် ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် လှေလှော်အင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ ၅၅ ဦး စုစုပေါင်း ၅၇ ဦးတို့ကို အဆိုပါကျေးရွာရှိ ကျိုက်ဒေးဇွဲကျောင်းတိုက်၌လည်းကောင်း၊ တိုက်ကြီးမြို့နယ် သရက်ချောင်းကျေးရွာအုပ်စု၊ ချောင်းကျိုးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၀ တို့ကို အဆိုပါကျေးရွာရှိ အာစိန္ဒသီရိပရဟိတကျောင်းတိုက်၌လည်းကောင်း ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်