Skip to main content

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် 10th ASEAN +3 Junior Science Odyssey ပြိုင်ပွဲတွင် မြန်မာလူငယ်အဖွဲ့ရွှေနှစ်ခု၊ ငွေတစ်ခု ရရှိ 

ရန်ကုန် ဇူလိုင် ၂၈

ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ သည့် 10th ASEAN + 3 Junior Science Odyssey ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခုရရှိခဲ့သော မြန်မာနိုင်ငံကိုယ်စားပြုလူငယ်အဖွဲ့သည် ဇူလိုင် ၂၇ ရက် ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ အင်းစိန်မှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား ကျောင်းသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင်အထက(၁)နေပြည်တော်မှ နန်းလင်းသက်သွယ်က Quiz Competition က ရွှေတံဆိပ်၊ အမှတ်(၁)ပျဉ်းမနား အခြေခံပညာနှင့် စက်မှုစိုက်ပျိုးရေးမှ မောင်ရဲရင့်အောင်က Pitching Project Competition က ရွှေတံဆိပ်၊ အ.ထ.က(၁) ဇေယျာသီရိနေပြည်တော်မှ မဧကရီထွန်းလင်းက Pitching Project Com-petition ငွေတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အာဆီယံနိုင်ငံအပါအဝင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံမှ အသက် ၁၃ နှစ်မှ ၁၅ နှစ်အထက်ရှိ လူငယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အာကာလင်း