နေပြည်တော် ဇူလိုင် ၂၈
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ နေ့စဉ်နံနက်(၆:၀၀)နာရီမှစပြီး၊ ရှမ်း ၊ '၀' ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်ဘာသာ အစီအစဉ်များကိုည (၂၃:၀၀)နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။
ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန်ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ မှစပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ နေ့စဉ်နံနက် (၆:၀၀)နာရီမှ (၈:၀၀) နာရီအထိ ' ဝ ' ဘာသာ အစီအစဉ် နံနက်(၈:၀၀)နာရီမှ (၁၀:၀၀)နာရီအထိ ကချင်ဘာသာအစီအစဉ်၊ နံနက်(၁၀:၀၀)နာရီမှ နံနက်(၁၂:၀၀)နာရီအထိ ကယားဘာသာအစီ အစဉ်၊ မွန်းတည့် (၁၂:၀၀) နာရီမှ မွန်းလွဲ (၁၃:၀၀)နာရီ အထိ စကောကရင်ဘာသာအစီအစဉ်၊ မွန်းလွဲ (၁၃:၀၀)နာရီမှ ညနေ(၁၄:၀၀) နာရီအထိ အနောက်ပိုးကရင်ဘာသာအစီအစဉ်၊ ညနေ(၁၄:၀၀)နာရီမှ ညနေ(၁၅:၀၀)နာရီအထိ အရှေ့ပိုးကရင်ဘာသာအစီအစဉ်၊ ညနေ (၁၅:၀၁)နာရီမှ (၁၆:၀၀)နာရီအထိ ချင်း(လိုင်ဇိုး) ဘာသာအစီအစဉ်၊ ညနေ(၁၆:၀၀)နာရီမှ ည(၁၇:ဝ၀) နာရီအထိ ချင်း(ချိုး)ဘာသာအစီအစဉ်၊ ည (၁၇:၀၀) နာရီမှ (၁၉:၀၀)နာရီအထိ မွန်ဘာသာအစီအစဉ်၊ ည (၁၉:၀၀)နာရီမှ (၂၁:၀၀) နာရီအထိ ရခိုင်ဘာသာအစီအစဉ်၊ ည (၂၁:၀၀) နာရီမှ (၂၃:၀၀) နာရီအထိ ရှမ်းဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
သတင်းစဉ်