Skip to main content

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (အငြိမ်းစား) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ စင်ကာပူသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

ရန်ကုန် ဇူလိူင် ၂၈

စင်ကာပူသမ္မတနိုင်ငံ Swissotel The Stamford ဟိုတယ်၌ ဇူလိူင် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်သည့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၆) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(အငြိမ်းစား) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ည ၁၀ နာရီက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည်။

အဆိုပါ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ (စည်ပင်အတွင်း/ပြင်ပ)မှ တာဝန်ရှိသူများကလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်