(၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ မန္တလေးမြို့)
(Embargo: Not to be released before 2000 hrs, 28 July 2024)
Press Release
Deputy Prime Minister and Union Minister for Foreign Affairs U Than Swe leaves for Islamic Republic of Iran to attend the Swearing-in Ceremony of the new President- Elect of the Islamic Republic of Iran
(28 July 2024, Mandalay)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာမိုဟာမက်ဘက်ဂါဂါလီဘာ့ဖ်၏ ဖိတ်ကြားချက်အရ တီဟီရန်မြို့၌ ကျင်းပပြုလုပ်မည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် မစ္စတာမာဆော့ ပါဇက်ရှ်ကီရမ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား (Swearing-in Ceremony) သို့ ပါဝင်တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့သည်။ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။