Skip to main content

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

နေပြည်တော် ဇူလိုင် ၂၇

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ဦးဆောင်သော နိုင်ငံရေးပါတီလေးပါတီမှ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ လေ့လာရေးခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်နေမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ တရုတ်-ကူမင်း သွင်းကုန်၊ ပို့ကုန်ကုန်စည်ပြပွဲ၊ တိုင်းရင်းသားလူမျိုးများနှင့် မျိုးနွယ်စုဆိုင်ရာ မူဝါဒချမှတ်မှုဆိုင်ရာ ဆွေးနွေးပွဲ၊ ယူနန်ပြည်နယ် မဟာလျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်မှုအခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီ ပြတိုက်တို့သို့ သွားရောက်ကြည့်ရှုလေ့လာဆွေးနွေးခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအပါအဝင် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်