Skip to main content

စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၅

စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs’ Meeting) အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်၌ ကျင်းပသည်။

အစည်းအဝေးတွင် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေး၏ အစီအစဉ်များ သတ်မှတ်ခြင်း၊ အစီရင်ခံစာများအတွက် အကြိုညှိနှိုင်းဆွေးနွေးခြင်း၊ ဒေသတွင်းအကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု တန်ပြန်တိုက်ဖျက်ရေးမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အကြိုညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် အတွင်းရေးမှူးချုပ်ရုံးတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

သတင်းစဉ်