Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့်တာဝန် ရှိသူများ တက်ရောက်ကြပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပြည်သူများအပြန်အလှန် ဝင်/ထွက် သွားလာနိုင်ရေးအတွက် ပြည်ဝင်ဗီဇာနှင့်နေခွင့်ဆိုင်ရာ ခွင့်ပြုဆောင်ရွက်ပေးမှု၊ နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အထူးသဖြင့်တမူး-မိုးရေး နယ်စပ်ဂိတ် အမြန်ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့ထားသည့်စာရင်းအရ အိန္ဒိယနိုင်ငံသားများအား ရှာဖွေကူညီကယ်တင် ဆောင်ရွက်မှုနှင့် ရှာဖွေတွေ့ရှိသူများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ အရေးမယူဘဲပြန်လည် လွှဲပြောင်းဆောင်ရွက်ပေးမှု၊ အိန္ဒိယနိုင်ငံ၌ အောင်မြင်စွာဆောင်ရွက်နေသည့် Aadhaar စနစ်ကို နမူနာယူ၍ ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယနိုင်ငံ ပြည်ပရေးရာဌာနနှင့် National Institute of Smart Government (NISG) တို့မှ နည်းပညာဆိုင်ရာ ကိုယ်စားလှယ်များလာရောက်၍ e-ID စနစ်လုပ်ငန်း ဆောင်ရွက်နေမှုများအား လေ့လာသုံးသပ်အကြံပြု ဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့် ဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးနိုင်ရေး၊ မြန်မာ - အိန္ဒိယနှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့် e-ID စနစ်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်