Skip to main content

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးနှင့် စာပေဆုများချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည်

ရန်ကုန် ဇူလိုင် ၂၄

မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးကို လာမည့်ဩဂုတ် ၃ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားနှင့်အတူ (၁၁) ကြိမ်မြောက် မဲခေါင်စာပေဆု (၂၀၂၀) နှင့် (၁၂) ကြိမ်မြောက် မဲခေါင်စာပေဆု (၂၀၂၁) တို့တွင် ဆုရရှိခဲ့သည့် စာရေးဆရာလေးဦးတို့အား ဆုချီးမြှင့်ခြင်းနှင့် အသင်း၏ဒုတိယအကြိမ်စာမူပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကိုပါ ကျင်းပမည်ဖြစ်သည်။

မြို့နယ်စာရေးဆရာအသင်းများမှ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးသို့တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီးမှ ဗဟိုဦးစီးအဖွဲ့ဝင်များသည် ဩဂုတ် ၁ ရက်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းရုံး၌ လည်းကောင်း၊ နယ်မှဗဟိုဦးစီးအဖွဲ့ဝင်များသည် ဩဂုတ် ၂ ရက် နံနက် ၉ နာရီခွဲမှစ၍ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ ကိုယ်စားလှယ်စိစစ်ရေးလုပ်ငန်းကော်မတီသို့ သတင်းပို့ကြရန်ဖြစ်သည်။

ဗဟိုဦးစီးအဖွဲ့ဝင် ကိုယ်စားလှယ်များကြိုဆိုပွဲနှင့် အကြိုညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂ ရက် မွန်းလွဲ ၂ နာရီတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ပါသဖြင့် ဗဟိုဦးစီးအဖွဲ့ဝင်များ မပျက်မကွက်တက်ရောက်ကြရန် နှိုးဆော်ထား သည်။

တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးအတွက် အလှူငွေလှူဒါန်းလိုသူ စေတနာရှင်များအနေဖြင့် မြန်မာနိုင်ငံစာရေး ဆရာအသင်း အမှတ် ၁၇၃/၁၇၅ (၇) လွှာ၊ ပန်းဆိုးတန်းလမ်း(အလယ်) ကျောက်တံတားမြို့နယ် ဖုန်း- ၀၁၈၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်