Skip to main content

ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

ရန်ကုန် ဇူလိုင် ၂၂

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆွေးနွေးမှာကြား

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်ကြရန်၊ ဘဏ္ဍာငွေသုံးစွဲရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ချမှတ်ထား သော ၂၀၂၄-၂၀၂၅ စီမံကိန်းပါ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပြီးစီးမှု၊ Keyboard ဂီတသင်တန်းပို့ချနေမှုနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ ရိုးရာအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသားဖူဆယ်အသင်းတို့ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်