Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး မေထုန်မဲ့သားစပ်သင်တန်းတက်ရောက်ဖွင့်လှစ်၊ သုတေသနဓာတ်ခွဲခန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွေးမြူရေးသုတေသနဦးစီးဌာနက ဖွင့်လှစ်သည့် “သုတေသနနည်းပညာ ဖွံ့ဖြိုးရေးသင်တန်း နွားမေထုန်မဲ့သားစပ်နည်း အမှတ်စဉ်(၁)” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် သုတေသနနည်းပညာ ဖွံ့ဖြိုးရေးသင်တန်း နွားမေထုန်မဲ့သားစပ်နည်း အမှတ်စဉ်(၁) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဒုတိယညွှန်ကြားရေး မှူးချုပ်က ရှင်းလင်းတင်ပြသည်။

သင်တန်းသို့ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း ၂၁ ဦး တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင် ၂၂ ရက်မှ ၂၆ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်၊ ဇီဝနည်းပညာနှင့် သီးနှံကာကွယ်ရေး သုတေသနဌာနခွဲ၊ အပင်မျိုးရိုးဗီဇနှင့် မော်လီကျူလာနည်းပညာဖြင့် မျိုးမွေးမြူရေးသုတေသနဌာနစုရှိ မော်လီကျူလာဓာတ်ခွဲခန်း၊ သဘာဝအရင်းအမြစ်များ သုတေသနဌာနခွဲ ရေအသုံးချရေး သုတေသနဌာနစုဓာတ်ခွဲခန်းများ၊ မွေးမြူရေးသုတေသနဦးစီးဌာန၏ ဒေသနွားမွေးမြူရေးခြံသို့လည်းကောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်ခန်းမ ဆောက်လုပ်ပြီးစီးမှု၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အိပ်ဆောင်များနှင့် ထမင်းစားဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံ‌ငွေ (၂၀၂၃)ဖြင့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဆောင်ရွက်သည့် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်းစီမံကိန်းအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ယာသီးနှံသုတေသနဌာနခွဲ ပဲမျိုးစုံသီးနှံသုတေသနဌာနစုတွင် စိုက်ပျိုးထားရှိသော ပဲပုပ်မျိုးရေဆင်း-၁၅ ဆင့်ပွားမျိုးစေ့ မျိုးသန့်ပွားများနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သတင်းစဉ်