ဇလွန် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဇလွန်မြို့ကျုံရှကျေးရွာအုပ်စုတွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် တာတမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ ဆန်တန်းရပ်ကွက် ဖန်ခါးပင်ဘုန်းတော်ကြီးကျောင်းတွင် ယာယီရေဘေးသင့် ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် နန်းတော်ကျွန်းကျေးရွာအုပ်စု ဌက်ပျောတောကျေးရွာ ဓမ္မသီရိဘုန်းတော်ကြီးကျောင်းတွင် ယာယီရေဘေးသင့် စခန်းနေပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြား၍ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေလယ်သောင်ကျေးရွာ အုပ်စုရှိ တိရစ္ဆာန်သက်ကယ်ကုန်း အဆောက်အဦတွင် နွား (၃၄)ကောင်၊ မြင်း (၁)ကောင်၊ ဝက် (၁)ကောင် ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဇလွန်(ပြန်/ဆက်)