နေပြည်တော် ဇူလိုင် ၂၀
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ဦးဆောင်သောအဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများအကြား ဆက်ဆံရေးပိုမိုတိုးမြှင့်ရန်ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီက ဆောင်ရွက်လျက်ရှိသော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ဆောင်ရွက်ပုံနည်းလမ်းများကိုလည်းကောင်း၊ ပါတီတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်မည်ဖြစ်ပြီး လေ့လာရေးခရီးစဉ်သည် ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်