Skip to main content

မင်းရွာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မင်းရွာကျေးရွာအုပ်စု မင်းရွာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာတို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကံကုန်းကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်ရှစ်ပါးနှင့် ဒေသခံပြည်သူ ၁၂၁ ဦးတို့ကို နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ခွဲစိတ်ကုသမှုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ အဖျားရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မှော်ဘီတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ အဆိုပါ ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်