Skip to main content

ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗီဒီယိုပြိုင်ပွဲ - ၂၀၂၄ (တက္ကသိုလ်အဆင့်) ကို Online မှ ကျင်းပသွားမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲ–၂၀၂၄ (တက္ကသိုလ်အဆင့်) ကို Online မှတစ်ဆင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာနှင့် ပြိုင်ပွဲဝင်ဖိတ်ခေါ်ခြင်း အသေးစိတ်အချက်အလက်များကို အောက်ပါ Link တွင် Download ရယူနိုင် ကြောင်း သိရှိရပါသည်-

https://www.ncsc.gov.mm/CAVC2024_RegistrationForm.pdf

https://www.ncsc.gov.mm/CAVC2024_Announcement.pdf

ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယ ဆုနှင့် နှစ်သိမ့်ဆု (၂) ဆုတို့ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ASEAN – JAPAN Cybersecurity Awareness Video Competition - 2024 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အသေးစိတ်သိရှိလိုပါက အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ ဝဘ်ဆိုက် www.ncsc.gov.mm သို့လည်းကောင်း၊ ဖုန်းနံပါတ် – ၀၆၇-၃၄၂၂၂၇၂ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။

သတင်းစဉ်