နေပြည်တော် ဇူလိုင် ၁၅
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အိန္ဒိယ ရူပီး/မြန်မာကျပ် တိုက်ရိုက်ငွေပေးချေမှုနည်းလမ်းဖြင့် လက်ရှိဆောင်ရွက်နေသည့် ကုန်သွယ်မှုတွင် ပိုမိုအကျိုးရှိစေနိုင်သော ကိစ္စရပ်များနှင့် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ကတ်စနစ်/မိုဘိုင်းပေးချေမှုဖြင့် ငွေပေးချေမှုလုပ်ငန်းများ ဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်