နေပြည်တော် ဇူလိုင် ၁၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းပရဝဏ်အတွင်း၌ ကျင်းပသည်။
ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ် (၁) ၌ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၇၅၀၀ နှင့် ထိုင်းငါးခုံးမသားပေါက်ကောင်ရေ ၇၅၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀ စိုက်ထည့်ခြင်းအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ငါးသားပေါက်များ စိုက်ထည့်ပေးကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) (B) (C) ရှေ့၌ ရတနာတန်းဝင်အပင်များဖြစ်သည့် ကျွန်းနှင့် ပျဉ်းကတိုးပျိုးပင် ၁ဝ၀၀ ကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက ပျိုးပင်များ ဦးဆောင်စိုက်ပျိုးပြီး အရာထမ်း/ အမှုထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သစ်ပင်/ သစ်တောများ မပြုန်းတီးစေရန်နှင့် ရာသီဥတုကို မျှတကောင်းမွန်စေရန် ရည်ရွယ်၍ WUNNA THEIKD I SPORTS COMPLEX အတွင်း ၂၀၂၁ ခုနှစ် တွင် ပထမအကြိမ်အဖြစ် စိန်တလုံးသရက်ပင် ၅၀၀၊ ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် စိန်တလုံးသရက်ပင် ၆၀၀ ၊ ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ်အဖြစ် စိန်တလုံးသရက်ပင် ၁၃၀၀၊ ယခု ၂၀၂၄ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် ကျွန်းပင် ၅၀၀ နှင့် ပျဉ်းကတိုးပင် ၅၀၀ စုစုပေါင်းပျိုးပင် ၁၀၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်