Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၁

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Daba Debele Hunde နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် အီသီယိုပီးယားနိုင်ငံသားများကို ရှာဖွေကူညီကယ်ဆယ်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ အရေးယူခြင်းမရှိဘဲ ပြည်နှင်ဆောင်ရွက်ပေးမှုအခြေအနေ၊ နှစ်နိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် တရားမဝင် ဝင်ရောက်မှုမရှိစေရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ - အီသီယိုပီးယား နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်