Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း AHA Centre မှ အမှုဆောင်ဒါရိုက်တာနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် AHA Centre အမှုဆောင် ဒါရိုက်တာ Mr. Lee Yam Ming ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အာဆီယံ AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ Phase.2 ပေးအပ်ရေးနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ယမန်နှစ်က မိုခါမုန်တိုင်းတုံ့ပြန်ရေးတွင် အာဆီယံ ERAT အဖွဲ့၏ ဘေးအန္တရာယ်ဆန်းစစ်ချက် ဆောင်ရွက်ခဲ့မှုများနှင့် AHA Centre က ဖွင့်လှစ်ပေးနေသော စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ အရာထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်