Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇွန် ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မန်ကျည်းပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြပြီး ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီးတွင် မန်ကျည်းပင်များ စိုက်ပျိုးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ စိုက်ပျိုးနေမှုအခြေအနေကို လိုက်လံကြည့်ရှုအားပေးသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၀၈ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ၍ စိုက်ပျိုးခဲ့ရာ ၂၀၂၃ ခုနှစ်အထိ ရတနာတန်းဝင်၊ အရိပ်ရလေကာပင်နှင့် သီးပင်စားပင် စုစုပေါင်း ၃၀၀၀ ကျော် စိုက်ပျိုးခဲ့ရာ ယနေ့အထိ မြေပြင်တွင် ၂၅၀၀ ခန့် ရှင်သန်ဖြစ်ထွန်းခဲ့ပြီး ရုံးပတ်ဝန်းကျင်တွင် အထိုက်အလျောက် စိမ်းလမ်းစိုပြည်ပြီးဖြစ်သဖြင့် ယခုနှစ်တွင် အများပြည်သူနှင့်သက်ဆိုင်သော ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မန်ကျည်းပင် ၂၀၀ ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်