နေပြည်တော် ဇွန် ၁၃
၂ဝ၂၄ ခုနှစ် အကြိမ်(၃၀)မြောက် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ကိုယ်စားဗိုလ်ချုပ် စိုးတင်လတ်မှ တက်ရောက်အမှာစကားပြောကြားပြီး တပ်မတော် (လေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
အဆိုပါလက်ဝှေ့ပြိုင်ပွဲ ပထမနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ ဆက်လက်ပြုလုပ်ရာ တောင်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လတ်နှင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါလက်ဝှေ့ပြိုင်ပွဲကို လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇွန် ၁၇ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်