နေပြည်တော် ဇွန် ၁၂
အမျိုးသားစီမံကိန်း ဥပဒေနှင့်ဒေသန္တရစီမံကိန်းဥပဒေများပါ လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်းများ အစီရင်ခံတင်ပြရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးနှင့် စီမံကိန်းအကောင်အထည်ဖော်မှုအခြေအနေ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းစနစ် (PPMRS) ကို အသုံးပြု၍ အချက်အလက်များပေးပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ စီးပွားရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက အွန်လိုင်းဖြင့်တက်ရောက်ကြသည်။
အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် (၅) နှစ်စီမံကိန်းနှင့် နှစ်စဉ်အမျိုးသားစီမံကိန်းများ ရေးဆွဲပြီး ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရန်ဌာန၊ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများအချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မှသာ မူလချမှတ်ထားသည့် မျှော်မှန်းချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ပကတိအခြေအနေကိုသိရှိမှသာ လိုအပ်သည့်ညွှန်ကြားမှုများကို ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်းများ၏ အကောင်အထည်ဖော်ပြီးစီးမှုအခြေအနေများကို အစီရင်ခံတင်ပြရာတွင် အချက်အလက်များပြည်စုံမှန်ကန်မှုရှိရေးနှင့် စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေစောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းစနစ် (Project Progress Monitoring and Reporting System - PPMRS)ကို အသုံးပြု၍ အချက်အလက်များပေးပို့နိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားစီမံကိန်းဥပဒေနှင့် ဒေသန္တရစီမံကိန်းဥပဒေများတွင်ပါရှိသည့် လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်းများ၏ အကောင်အထည်ဖော်နိုင်မှုအခြေအနေကို အစီရင်ခံတင်ပြရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးနှင့် စီမံကိန်းအကောင်အထည်ဖော်မှု အခြေအနေစောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းစနစ် (PPMRS) ကိုအသုံးပြု၍ အချက်အလက်များပေးပို့နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်