Skip to main content

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း နန်ချွန်-ဖျံချောင်း-ဖားဘောင်တင်လမ်း တည်ဆောက်မှု ကွင်းဆင်းကြည့်ရှု

ရေတာရှည်  စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းက ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာအုပ်စု၊ နန်ချွန်-ဖျံချောင်း-ဖားဘောင်တင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုသည်။

ကျေးရွာချင်းဆက် မြေသားလမ်းအား မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေ ကျပ် ၂၄ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေကို မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဇော်က ရှင်းလင်း တင်ပြခဲ့သည်။ ဆိုပါ လမ်းပိုင်းပြီးစီးသွားပါက တောင်ငူမြို့နယ်အတွင်းရှိ မော်ဝါ၊ စစ်အိုင်၊ ဒိုးအင်း ကျေးရွာများအထိ အဆင်ပြေစွာ သွားလာနိုင်ကြမည့်အပြင် လူမှုစီးပွားဘဝ ယခင်ကထက် များစွာ တိုးတက်ဖွံ့ဖြိုးကြမည်ဖြစ်သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖျံချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ ရောက်ရှိ ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံများ၏ တင်ပြချက်များအား ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆု(ပြန်/ဆက်)