တောင်ကြီး မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် မိုင်းသော်အရှေ့ကျေးရွာအုပ်စု ဘုရားငါးဆူကျေးရွာရှိ ချယ်ရီမြေစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသားပိုင် လယ်မြေများတွင် နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစဉ် အသင်းအမှုဆောင်များနှင့်တွေ့ဆုံ၍ နွေစပါးစိုက်ပျိုးထားရှိမှုအပေါ် သွင်းအားစုနှင့် ပံ့ပိုးငွေများအား သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်ရယူ၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ သီးနှံများ အထွက်တိုးအောင်မြင်စေရေးနှင့် အသင်းသားများ၏ အကျိုးအမြတ်များရရှိစေရေးကို အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။ အဆိုပါ ချယ်ရီမြေစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသား ၃၃ ဦးပိုင် လယ်မြေဧက ၄၀၀ တွင် နွေစပါးများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်