နေပြည်တော် မေ ၁၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေ ၆ ရက်မှ ၁၂ ရက် အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၃၉ ဒသမ ၉၃၂၀ တန်၊ သစ်မာ ၁၁၈ ဒသမ ၈၇၂၈ တန်၊ အခြား ၂၆ ဒသမ ၈၁၄၈ တန် စုစုပေါင်း ၁၈၅ ဒသမ ၆၁၉၆ တန်၊ ယာဉ်/ ယန္တရား ၁၈ စီး၊ တရားခံ ၃၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သတင်းစဉ်