Skip to main content

မုံရွာမြို့နယ်ရှိ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့် ဝေလျက်ရှိ

နေပြည်တော် မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲသို့ မေလ ၁၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်မှာ အကြမ်းဖက်လုပ်ရပ်များကို အားပေးလက်ခံခြင်းမရှိသည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ မိုးညှင်းသမ္ဗုဒ္ဓေကျေးရွာအနီးတွင် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် PDF အမည်ခံ အကြမ်းဖက်သမားများရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးခဲ့ရကြောင်းနှင့် ပြည်သူများထိခိုက်သေဆုံးမှုမရှိကြောင်း ခိုင်လုံသောသတင်းပေးပို့မှုများအရ သိရှိရပါသည်။

အကြမ်းဖက်သမားများသည် တိုက်ပွဲများဖော်ဆောင်ရာတွင် အများပြည်သူအသုံးပြုလျက်ရှိသည့် ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အဦများကို အကာအကွယ်ယူတိုက်ခိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည့်ကို ပြည်သူများအနေဖြင့်လည်း သိရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် တရားမဝင်ပြည်ဖျက်မီဒီယာများမှ ဖြစ်စဉ်ဖြစ်ရပ်များကို အခြေခံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။