နေပြည်တော် မေ ၁၃
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် နံနက် ၈ နာရီခွဲတွင် ရပ်စောက်မြို့ ဗထူးရပ်ကွက်အနီးတွင် သတင်းအရစောင့်ဆိုင်းနေစဉ် တင်ထွန်းဦး (ခ)ကိုနိုင် မောင်းနှင်ပြီး မိုးကျော်သူလိုက်ပါလာသည့် ခြောက်ဘီးမော်တော်ယာဉ်နှင့် ခွန်ကျော်သူ မောင်းနှင်လာသည့် ခြောက်ဘီးမော်တော်ယာဉ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၀၀၀၀ ကီလို (၁၀ တန်) ကိုလည်းကောင်း၊ ထို့ပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၁၂ ရက် ညနေ ၆ နာရီ ခွဲတွင်တာချီလိတ်မြို့ ဆေခမ်းရပ် ကွက်မြို့ရှောင်လမ်းတွင် အိုက်ခုန်းမောင်းနှင်ပြီး စိုင်းခမ်းရှဲန် လိုက်ပါလာသည့် HONDA CRV အမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် ညနေ ၅ နာရီတွင် လားရှိုးမြို့ ရပ်ကွက်(၁၂)၊ နယ်မြေ (၁၃)၊ ကောင်းဆာလမ်းနှင့် လားရှိုး- သိန္နီသွားကားလမ်းမကြီးထောင့်တွင် စိုင်းအွမ်ခမ်း(ခ)အိုက်အွမ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၅ နာရီခွဲတွင် လားရှိုးမြို့ရပ်ကွက်(၁၂)၊ နယ်မြေ (၁၃) ကောင်းဆာလမ်းရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်