နေပြည်တော် ဧပြီ ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇)၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီးဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများက စတုဒိသာဧည့်ခံကျွေးမွေးမှုကို အတူတကွသုံးဆောင်၍ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပြီး ဦးစီးဌာနများနှင့် လုပ်ငန်းများကိုယ်စားပြု သင်္ကြန်အလှမယ် ယိမ်းအကအဖွဲ့များက ယိမ်းအကများ၊ တေးသံသာများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများနှင့် အခမ်းအနားသို့ တက်ရောက်လာသူဝန်ထမ်းများက အတာရေများအပြန်အလှန်ပက်ဖျန်းကြပြီး ဦးစီးဌာနများနှင့်လုပ်ငန်းများ ကိုယ်စားပြုယိမ်းအကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြောင်းသိရသည်။
သတင်းစဉ်