နေပြည်တော် ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကုန်းသာကျေးရွာရှိ အခြေခံပညာကျောင်းသားစုံညီပွဲတော်ကျင်းပပြုလုပ်နေချိန်တွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူများထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း နေအိမ်များနှင့်ကျောင်းခန်းမ ပျက်စီးသွားခဲ့သည်ဟု ပြည်ဖျက်မီဒီယာဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းမှားများအား လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိပါသည်။
အဆိုပါ သတင်းသည် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်အတွက် မဟုတ်မမှန်ဝါဒဖြန့်ခြင်းသာဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်တွင် တပ်မတော်နှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် တစ်မျိုးသားလုံး ကျန်းမာ၊ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် အထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ထိုသို့ ပညာရေးကဏ္ဍမြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်ပေးနေမှုအပေါ် ပြည်ဖျက်မီဒီယာများအနေဖြင့် ယုတ်မာရိုင်းစိုင်းသောရည်ရွယ်ချက်ဖြင့် တပ်မတော်အပေါ် အများပြည်သူ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။