Skip to main content

ပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် နည်းပညာဆိုင်ရာ သုတေသနများ ဖွံ့ဖြိုးရေး ဆောင်ရွက်

ရန်ကုန် နိုဝင်ဘာ ၁၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဦးစီးဌာနများရှိ သုတေသနများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ Hybrid စနစ်ဖြင့်ပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ တက်ရောက်အမှာစကားပြောကြားရာတွင် နိုင်ငံ့အမျိုးသားရေး လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို လက်တွေ့ကျကျအထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရန်၊ ပြည်သူများ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည့် သုတေသနလုပ်ငန်းများကို မိမိတို့ရှိဦးစီးဌာနများအပြင် ဆက်စပ်ဌာန/ တက္ကသိုလ်/ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက်၍ နိုင်ငံ့အကျိုးအတွက် သတ်မှတ်စံနှုန်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန်၊ ဌာနမှချမှတ်ပြီး သိပ္ပံနှင့်နည်းပညာ မဟာဗျူဟာစီမံကိန်းဆိုင်ရာ ရည်မှန်းချက်တာဝန်များ ပြည့်မီစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဆက်စပ်ဌာနများ/အထူး စီးပွားရေးဇုန်များ/ MSMEs များ/ စက်မှုဇုန်များရှိ လုပ်ငန်းခွင်များ၌ တွေ့ကြုံနေရသည့် စိန်ခေါ်မှုပြဿနာများကို ကျော်လွှားဖြေရှင်း ပေးနိုင်စေမည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းထွက်/ ဒေသထွက်တန်ဖိုး မြှင့်ထုတ်ကုန်လုပ်ငန်းများတွင် အဆင့်မြင့်နည်းပညာများကို အကျိုးရှိရှိအသုံးချနိုင်စေမည့် သုတေသနများကို ထိရောက်ပီပြင်စွာ ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများနှင့် ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဇီဝနည်းပညာ သုတေသနဦးစီးဌာနနှင့် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့်အခြား နည်းပညာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နှင့် အခြားကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ အစိုးရနည်းပညာ ကောလိပ်/အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရစက်မှု လက်မှု အထက်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခများ၊ သုတေသနဌာနတို့မှ သုတေသနပညာရှင်များက သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုနှင့်တိုးတက်မှုအခြေအနေများ၊ နည်းပညာလွှဲပြောင်းပေးခဲ့မှုများနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီးရှင်းလင်းတင်ပြ ကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 သတင်းစဉ်