အုတ်ဖို ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သဖန်းပင်ဆိပ် ကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီ ၃၀ အချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ကျေးရွာမီးလင်းရေး ကော်မတီ ဝင်များ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ အေးမြသာယာကျေးရွာမှ အလယ်ကုန်း(တောင်)ရွာသို့ 11KV Line (1.73) မိုင် (50)KVA TR,(၁) လုံး တည်ဆောက်ခြင်းမှပိုလာမည့် 11KV Line (6391)ပေအား သဖန်းပင် ဆိပ်ရွာသို့ (3256)ပေနှင့်ကျီးပင်ဆိပ်ရွာသို့ (3135) ပေ တည်ဆောက်ခွင့် ပြုရန်နှင့် (200)KVA TR(၁)လုံးတောင်းခံထားခြင်းကိစ္စအားလာရောက်ကွင်းဆင်းကြည့်ရှုရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဓါတ်အားလိုင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်းပြခဲ့ပြီး ကျေးရွာမီးလင်းရေး ကော်မတီဝင် များက မိမိတို့ကျေးရွာအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)