Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ထိုင်းနိုင်ငံ Thai Business Association of Myanmar (TBAM) ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံတွင် ငွေကြေးကဏ္ဍဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁၉

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများသည် Thai Business Association of Myanmar (TBAM) မှ ဥက္ကဋ္ဌ Mr. Nuttaphong Visitkitchakarn ဦးဆောင်သည့် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံငွေကြေးအသုံးပြု၍ ဆောင်ရွက်နေသည့် ကုန်သွယ်မှုများအပါအဝင် ငွေကြေးကဏ္ဍတွင် ကြုံတွေ့နေရသည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်