နေပြည်တော် အောက်တိုဘာ ၁၄
(၆) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့တက်ရောက်ခဲ့ပြီး ရုရှားနိုင်ငံမော်စကိုမြို့၌ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် အဖွဲ့သည် ဖိုရမ်တက်ရောက်နေစဉ်ကာလအတွင်း ရုရှားနိုင်ငံတွင် ရေနံလုပ်ငန်းနှင့် ရေနံချက်လုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီလေးခုတို့မှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့်နည်းလမ်းများအပေါ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံတကာစံနှုန်းမီရေနံထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်နည်းပညာအကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်