Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာနက“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့်ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၃

နယ်စပ်‌ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ဆွမ်းအခက်အခဲအဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်ကပ်လှူဒါန်း

ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဦးနှင့်ဝန်ထမ်းများက ဟိုပန်မြို့နယ် မန်မိုင်ဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုဇာတထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်